ကျွနု်ပ်တို့ဘယ်သူလဲ
Psiphon Inc. သည် အွန်တာရီယိုတွင်အခြေစိုက်ပြီး အပတ်စဥ် လူသုံးသန်းကျော်ခန့်ကို အင်တာနက်ပေါ်ရှိ အကြောင်းအရာများနှင့် ချိတ်ဆက်နိုင်ရန်ကူညီပေးနေသော Platform များစွာတွင် အလုပ်လုပ်သည့် ပွင့်လင်းရင်းမြစ်ဆော့ဝဲလ်ကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကျွနု်ပ်တို့တတ်နိုင်သလောက် အကောင်းဆုံးဆော့ဝဲများထုတ်လုပ်နေသော၊ ထုတ်လုပ်မှုအသစ်များကို ပုံမှန်မိတ်ဆက်နိုင်ရန် ဦးတည်လုပ်ဆောင်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပိုမို၍တိုးပွားများပြားလာနေသော ကမ္ဘာ့အနှံ့မှ သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဦးတည်ဆောင်ရွက်ပါသည်။
ဆုံးဖြတ်ချက်ချသည့်အဖွဲ့
Michael Hull သည် Psiphon Inc. ၏ ဥက္ကဠဖြစ်ပြီး တိုရွန်တိုတက္ကသိုလ်၊ Citizen Lab ၏ စီမံကိန်းတစ်ခုအဖြစ်စတင်ခဲ့သည့် အစောပိုင်းကာလများကတည်းက Psiphon နှင့်အတူရှိနေခဲ့သည်။ ထိုစဥ်ကတည်းက software development အတွက်အားထုတ်မှုကို ဦးဆောင်ခဲ့ပြီး Psiphon ကိုသူ့နယ်ပယ်တွင် ထိပ်တန်းရောက်အောင်ပြုလုပ်ပေးသော သစ်လွင်ဆန်းသစ်သောစိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာရေးအတွက် အကူအညီများ ပေးခဲ့သည်။
Software Development
Psiphon သည် အသုံးပြုသူများကို ကောင်းမွန်သည့် အတွေ့အကြုံများရရှိခံစားရန် အလိုရှိပါသည်။ ဆိုလိုသည်မှာ ကျွနု်ပ်တို့၏ ဆော့ဝဲလ်သည် အသုံးပြုရ လွယ်ကူရမည်၊ ကျွနု်ပ်တို့၏ ကွန်ယက်သည် မြန်ဆန်ရမည်ဖြစ်ပြီး ထိုကွန်ယက်များသည် ခိုင်ခိုင်မာမာ တည်ငြိမ်နေရပါမည်။ ထိုကဲ့သို့ ဖြစ်နိုင် မည်သည့် developer အတွက်မဆိုခက်ခဲပါသည်။ အထူးသဖြင့် ဘာသာစကားပေါင်းစုံနှင့် ကြားခံအမျိုးအစားပေါင်းစုံတွင် အလုပ်လုပ်ရန် ကြိုးပမ်းရသည့်အပြင် အမြဲတမ်းပြောင်းလဲနေသော အတိုက်အခံများသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရသောကြောင့် ဖြစ်သည်။
အသုံးပြုသူများအတွက် နောက်ကွယ်တွင် ကျွနု်ပ်တို့အနေဖြင့် အလုပ်အများကြီးကြိုးစားကြရန် အရေးကြီးသည်ကို ကျွနု်ပ်တို့သိပါသည်။ ကျွနု်ပ်တို့သည် အသုံးပြုသူများနှင့် ၎င်းတို့၏ အချက်အလက်များကို အမြင့်ဆုံး အကာအကွယ် ပေးထားပါသည်။ အသုံးပြုသူများသည် သူတို့၏ ကိုယ်ရေးကိုယ်တာနှင့်လုံခြုံရေးအတွက် ပြုလုပ်ပေးမှုများကို မည်သည့်အခါမှ သတိမပြုမိခဲ့ကြမည် မဟုတ်သော်လည်း တန်ဖိုးကြထားလိမ့်မည်ဟုယုံကြည်ပါသည်။
Psiphon ၏ software development အဖွဲ့သည် အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ကူဆုံး၊ နှင့် ပွင့်လင်းမြင်သာမှုအရှိဆုံး ကျော်လွှားသည့်ဖြေရှင်းနည်းများကို ပေးရန်အတွက်ရည်သန်ပါသည်။ ကျွနု်ပ်တို့၏ကျွမ်းကျင်မှုများဖြင့် ကာကွယ်နိုင်၊ စွမ်းရည်မြှင့်တင်ပေးရန်၊ နှင့် ကမ္ဘာအနှံ့မှ အသုံးပြုသူများ၏ စိတ်ပြတင်းပေါက်ကို လွတ်လပ်စေရန်အတွက်လည်း နယ်ပယ်သစ်များကို စူးစမ်းရှာဖွေနေပါသည်။
- Mike Fallone
- Eugene Fryntov
- Rod Hynes
- Adam Kruger
- Adam Pritchard
- Michael Goldberger
- Miro Kuratczyk
- Draven Johnson
- Tasker Mackersy
- David Osborne
- Amir Khan
အကောင်အထည်ဖော်မှုများနှင့် လူအများထံရောက်ရှိမှုများ
ကျွနု်ပ်တို့တွင် အကြီးစားနိုင်ငံတကာရုပ်သံများမှစ၍ နိုင်ငံငယ်များရှိ လူအခွင့်အရေးအထူးပြုအဖွဲ့အစည်းများအထိ မတူညီသည့် ကုမ္ပဏီ၊အဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုထားခြင်းများ ရှိပါသည်။ ကျွနု်ပ်တို့၏ အကောင်အထည်ဖော်မှုများနှင့် လူအများထံရောက်ရှိမှုများအား တာဝန်ယူရသည့်အဖွဲ့သည် သူတို့ဖြန့်ဝေသည့်နည်းလမ်းများဖြင့် လူပေါင်းမည်မျှက Psiphon ကိုအသုံးပြုနေကြကြောင်း အစီရင်ခံစာများ ပြုစုသည်။ သူတို့သည် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် လာမည့်ကာလများအတွင်း အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များလွတ်လပ်စွာစီးဆင်းမှုအပေါ် သက်ရောက်မှု ရှိလာနိုင်သည့် ဖြစ်ရပ်များကိုလည်း လေ့လာကြသည်။
မိတ်ဖက်အဖွဲ့များ
Psiphon သည် နေရာဒေသအသီးသီးမှ Psiphon အသုံးပြုသူများအား ပံ့ပိုးရန်၊ အကြံဉာဏ်ကောင်းများ ပေးနိုင်ရန် အတွက် အစုအဖွဲ့အများအပြားနှင့် လက်တွဲလုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့၏ ဆော့လ်၀ဲများအတွက် ဘာသာစကားပေါင်းများစွာကို ဘာသာပြန်ဆိုလျှက် ရှိပြီး၊ Localization Lab ၏ အကူအညီဖြင့် Transifex ပလက်ဖောင်းပေါ်မှတဆင့် ကျွန်ုပ်တို့၏ ဆော့လ်၀ဲများတွင် ဘာသာစကား အသစ်များ ထည့်သွင်းလျှက် ရှိပါသည်။
Psiphon အကြောင်းနောက်ဆုံးရ သတင်းအချက်အလက်များရယူရန်
ကျွနု်ပ်တို့၏ အီးမေးလ်ပို့စာရင်းများတွင် ပါဝင်လိုက်ပါ။